မော်လိုက် သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေသဖြင့် မြို့တွင်းမြေနိမ့်ပိုင်းရှိအိမ်များမှာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့ပေါ်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ကာ ပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရသည့် ရေဘေးရှောင် အိမ်ထောင်စုများအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ ရေဘေး ရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ စားနပ်ရိက္ခာများနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။
ယင်းထောက်ပံ့ပေးမှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့မှ ထောက်ပံ့သည့် တစ်အိမ်ထောင်စုလျှင် Family Kit တစ်ထုပ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် အလှူရှင်များမှ ထောက်ပံ့သည့် ရေသန့်ကတ်များ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကြက်ဥများကိုလည်းကောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူတစ်ဦးလျှင် ဆန်ဖိုး တစ်ပတ်စာ ငွေကျပ် (၂၁၀၀)တို့အား ရေဘေးရှောင်အိမ်ထောင်စု(၄၆)စုမှ လူဦးရေ အမျိုးသား အမျိုးသမီး စုစုပေါင်း ( ၂၂၀ )ဦးတို့အတွက် လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရေဘေးရှောင်ပြည်သူများအတွက် ပါးစပ်နှာခေါင်းစည်းများကိုလည်း ဖြန့်ဝေပေးခဲ့က ြကြောင်းနှင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများမှ ပြည်သူများအတွက် ကျန်းမာရေးဦးစီး ဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မော်လိုက်သားလေး