ဘားအံ မတ် ၇
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ လမ်းညွှန်ချက်များနှင့် စီမံခန့်ခွဲမှုစနစ်များအပေါ် ပိုမိုနားလည်သိရှိနိုင်ရန်နှင့် ရှောင်ရန်၊ဆောင်ရန်များကို လေ့လာ မှတ်သား လိုက်နာနိုင်စေရန်အတွက် ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ရုံးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲကို ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် ဥပဒေအရာရှိ ဦးရဲလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ နှင့် လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြား သည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အတွင်းရှိ စာရေးဝန်ထမ်း စုစုပေါင်း ၃၅ ဦး တက်ရောက်လျက်ရှိပြီး ပြည်နယ်ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနများ ဖြစ်သော စာရင်းစစ်ချုပ်ရုံး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာနတို့မှ သင်တန်းဆရာများက ဝန်ထမ်းကျင့်ဝတ်၊ ငွေစာရင်းထိန်းသိမ်းနည်းလမ်းညွှန်၊ နိုင်ငံဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ ရုံးလုပ်ငန်း ဘာသာရပ်၊ စီမံရေးရာလုပ်ငန်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အခြေခံမိုဘိုင်း ဆက်သွယ်ရေး အသုံးပြုပုံထပ်ဆင့် ရှင်းလင်းခြင်း၊ လချုပ်အစီရင်ခံစာများပေးပို့ခြင်း အစရှိသည့် ဘာသာရပ်များကို မတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့ထိ (၂)ရက် ကြာ ဆွေးနွေးပို့ချ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)