ဆောင်းသီးနှံနှင့်​နွေ စပါးစိုက်ပျိုး​ရေးနည်းလမ်း​ကောင်းများပညာ​ပေး​ဟော​ပြော

ကျိုက်မ​ရော      မတ်    ၇ ​


​မော်လမြိုင်ခရိုင် ကျိုက်မ​ရာမြို့နယ်တွင် ​​ဆောင်းသီးနှံ နှင့်​နွေစပါးစိုက်ပျိုး​ကြမည့်​တောင်သူများအတွက် စိုက်ပျိုး​ရေးဦးစီးဌာနမှဦး​ဆောင်ကျင်းပ​သော ​တောင်သူနည်းပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက် ၉နာရီက ခရုံကျေးရွာအုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။ ​ဟော​ပြောပွဲတွင်မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန ဦးစီးမှူး ဦးလှတင်​မောင်က ​ဆောင်းသီးနှံနှင့် နွေစပါးများစိုက်ပျိုးရာတွင်  အထွက်နှုန်းတိုးစေရန်နှင့် အသီးများ အောင်မြင်ဖြစ်ထွန်း​စေရန် မျိုး​ကောင်းမျိုးသန့်များကို ​ရွေးချယ်စိုက်ပျိုးရန်နှင့် ​မြေသြဇာများကိုလည်း အချိုးကျ သုံးစွဲရန် လိုအပ်​ကြောင်းရှင်းလင်း​ပြောကြားခဲ့သည်။

 ဆက်လက်၍ ဓာတ်မြေသြဇာထုတ်လုပ်မှု အဆင့်ဆင့်ကို ပရိုဂျက်တာဖြင့်ရှင်းလင်းပြသခဲ့သည်။ ထို့နောက်တောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုး​ရေးနှင့်ပတ်သက်၍ သိရှိလိုသော​မေးခွန်းများကို စိုက်ပျိုး​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက​ ရှင်းလင်းဖြေကြား​ပေးခဲ့ကြသည်။

ယ​နေ့ကျင်းပ ပြုလုပ်​သော တောင်သူပညာ​​ပေးဟော​​ပြောပွဲသို့ ခရုံ​ကျေးရွာနှင့် ကျုံစိန်​ကျေးရွာတို့မှ ​တောင်သူဦးကြီးများ၊ စိုက်ပျိုး​ရေးဦးစီးဌာန ဝန်ထမ်းများ  ​​ဒေသခံပြည်သူများတက် ရောက်ခဲ့ကြ​ကြောင်းသတင်းရရှိသည်။

ချိုမြတ်မြတ်​ထွေး(ကျိုက်မ​ရော)