မွန်ပြည်နယ် လမိုင်းမြို့ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲပြုလုပ်

လမိုင်း သြဂုတ် ၂၄

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၁)နာရီ က ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် ပြသဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လမိုင်းမြို့ နယ်ထိန်း တပ်ကြပ်ကြီးစိုင်းရွှေတင်တို့က နံရံကပ်စာစောင်များတွင် ပြည်သူများ သိသင့်သိထိုက် သည့်လူကုန်ကူးမှု မြောက်စေသည့် အချက်အကြောင်းအရာများ၊ လူကုန်ကူးခံရ နိုင်သူများ၊လူကုန်ကူးမှုပြစ်မှု ပြစ်ဒဏ်များ တိုင်ကြား နိုင်သည့် နည်းလမ်းများနှင့် ဖုန်းနံပါတ်များ ၊ ကာတွန်းသရုပ်ဖော်ပုံများနှင့် မှတ်တမ်းဓာတ်ပုံများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဗဟုသုတ များရရှိစေမည့် သုတ/ရသ စာအုပ်မျိုးစုံတို့ကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများနှင့်ပြည်သူများတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ဇာစိုး (လမိုင်း)