သုံးခွ ဩဂုတ် ၂၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ် (၁.၁၀.၂၀၂၀ ) မှ (၃၀.၉.၂၀၂၁ )ရက်နေ့ထိ တစ်နှစ်တာ ကာလ အပိုင်းအခြား အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင် (အခြားလုပ်ငန်း)များ ဖြစ်သော မြို့မဈေးကောက်နှင့် လမ်းဘေးပျံကျ ဈေးကောက်လိုင်စင်၊ မြို့ဝင်ကြေးကောက်လိုင်စင်တို့အား ဈေးပြိုင်စနစ် ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကို သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ယမန်နေ့ နံနက်(၉)နာရီတွင် မြို့နယ် လေလံတင်ရောင်းချရေး အဖွဲ့မှ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အ ရာရှိ ဦးခိုင်ကြည်သာလှက လေလံစည်းမျဉ်း စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လုပ်ငန်းရှင်များက မြို့မဈေးကောက်နှင့် လမ်းဘေးပျံကျ ဈေးကောက် လိုင်စင်အတွက် (၁၅) ဦး၊ မြို့ဝင်ကြေးကောက်လိုင်စင်အတွက် (၁၀) ဦးတို့က စျေးပြိုင်စနစ်ဖြင့် လေလံဆွဲခဲ့ကြပြီး လိုင်စင် နှစ်ခုစလုံးအား ဒေါ်ခင်မိုးလွင်က လေလံကြေးအမြင့်ဆုံးပေး၍ ဆွဲဝယ်သဖြင့် ယာယီ လေလံချထားပေး ခဲ့ကြောင်း သိရှိရ သည်။
စည်သူလင်း ပြန်/ဆက်