ထန်းတပင် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပန်းအလှပြင်နည်းသင်တန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့ နေ့လယ်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သဇင်က ရုံးဌာနများ၊ အခမ်းအနားများ ပြင်ဆင်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းအလှပြင်နည်းပြ ဆရာမဒေါ်နီလာလွင်က ပန်းအလှထိုး နည်းများကို သင်ကြားပြသပေးခဲ့သည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ၊မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသူ(၂၅)ဦး တက်ရောက်ကာ သင်တန်းတွင် လက်တွေ့ပြုလုပ်ခြင်းများနှင့် လက်တွေ့ပန်းအလှထိုးပြီး အလှဆုံးထိုးနှံနိုင်သည့်အဖွဲ့အား ပထမ၊ ဒုတိယ၊ တတိယဆုများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရ သည်။