ဆားလင်းကြီး ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်းနှင့်ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ရာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံသူ ပြည်သူ(၂၂)ဦး နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ပြည်သူ(၁၀)ဦး စုစုပေါင်း(၃၂)ဦး လာရောက်ထိုးနှံ ခဲ့ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဒေါ်ဥမ္မာ
ဆားလင်းကြီး(ပြန်/ဆက်)