ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇ​ပြောင်း အိုမီခရွန်​ရောဂါကြိုတင် ကာကွယ်ရေးကို မွန်ဘာသာစကားဖြင့် အသိပညာ​ပေး လှည့်လည်နှိုး​ဆော်

ရေး     ဇန်နဝါရီ  ၁၄

မွန်ပြည်နယ်ရေးမြို့နယ်၌ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြား​​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများသည် နေ့ နံနက်ပိုင်းက သီရိနန္ဒာရပ်ကွက် အတွင်းရှိ လူစည်ကားရာ နေရာများ၌ အသိပညာပေး လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာ၌  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ ဒယ်လ်တာထက် ကူးစက်ပျံ့နှံ့မှု နှုန်း နှစ်ဆခန့်ပိုမိုမြန်ဆန်ခြင်းကြောင့် ရောဂါကူးစက်မခံရရေးအတွက် သတိပြုနေထိုင်ကြ ရမည်ဖြစ်သော်လည်း အလွန်အမင်းစိုးရိမ် ကြောင့်ကြခြင်းမပြုကြရန်၊ဒေသခံပြည်သူများနေဖြင့် မိမိတို့မြို့ရွာအတွင်း  ​ရောဂါမဖြစ်ပွားမီကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းကာကွယ်နိုင်ရန် ကိုဗစ်-၁၉ကာကွယ်ဆေး အား  အကြိမ်အပြည့်အဝ  ထိုးနှံထားကြရန်၊ကာကွယ်ဆေးမထိုးရသေးသူများမှလည်း သွားရောက် ထိုးနှံကြရန်၊ ပြည်သူများအနေ ဖြင့် ရိုးရှင်းလွယ်ကူသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်​​ရေးနည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ချောင်းဆိုး/နှာချေလျှင် တစ်ရှူး(သို့မဟုတ်)တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောရန်နှင့် ဖျားနာခြင်း များဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသခြင်း များဖြင့် ကိုဗစ်ရောဂါပိုးကူးစက် ပြန့်ပွားမှုလျော့နည်း ကျဆင်းရေး အတွက်  ပြည်သူတစ်ရပ်လုံးက   ပူးပေါင်းပါဝင်တိုက်ထုတ်ကြရန် မွန်ဘာသာဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်