နတ်တလင်း သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ်၂၅ ရက် နံနက်၉ နာရီက ရွာသာကုန်းကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြု လေ့လာမှုစခန်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်တို့က အသီးသီး အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးမျိုးသူက ထောက်ပံ့ငွေပေးအပ်ရခြင်း အကြောင်း ကိုပြောကြားသည်။ နတ်တလင်းမြို့နယ် အတွင်း မိုးစပါးမျိုးစေ့ထုတ်လုပ်မည့် လယ်ဧက(၂၀၀)တွင်စိုက်ပျိူးသော တောင်သူ(၄၂)ဦးတို့အတွက် တစ်ဧကလျှင် ၈၅၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် (၃၅၇၀၀၀၀) ကို တာဝန်ရှိသူများက တောင်သူများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့် နတ်တလင်း