ကော့မှူး ဩဂုတ် ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်သို့ စာအုပ် စောင် လာရောက် ငှားရမ်းသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်၍ ယနေ့ နံနက်က လူကုန်ကူးမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာ ပေးနံရံကပ်ပြဘုတ်များဖြင့် ပြသပေးထား ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရေး အသိပညာပေးမှုများ၊ ရုပ်ရှင် ဂီတနှင့် အနုပညာရှင်များ၏ ကျန်းမာရေး အသိပညာပေး ပိုစတာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသဆောင်ရွက်ထားသည်။
ဆက်လက်၍ လူကုန်ကူးခြင်းခံရမှု အမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နိုင်ရန် အသိပညာပေး ကာတွန်းများဖြင့် အလွယ်တကူ သိရှိနိုင်စေရန် ပြသဆောင်ရွက် ထားကြောင်း တွေ့ရသည်။
ကျော်သူရ ကော့မှူး