ကြို့ပင်ကောက် ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်တွင် Book Club အဖွဲ့ဝင်များ စုပေါင်းကျင်းပသော စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ ဖေမြင့်၊ တက္ကသိုလ်ဘုန်းနိုင်၊ ဝင်းဖေ၊ တင်မောင်သန်း၊ မောင်သစ် ဆင်းနှင့် ဂျူးတို့ ရေးသား ထားသော ဆရာဝန်မလုပ်သော ဆရာဝန်များနှင့် ဦးနှောက်ပြုန်းတီးမှု စာအုပ်ကို ဖတ်မှတ်ဆွေးနွေးကြရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဝင်းလေးက စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်ခင်စန်းကြွယ်က စာရေးဆရာ မောင်သစ်ဆင်း ရေးသားသော ကျိန်စာ အကြောင်းနှင့် စာရေးဆရာတင်မောင်သန်း ရေးသားသော ဆရာဝန် မလုပ်သော ဆရာဝန်များနှင့် ဦးနှောက်ပြုန်းတီးမှု အကြောင်းကို Book Club အဖွဲ့ဝင် မစန္ဒာတို့မှ ဖတ်ကြားခြင်းနှင့် စာဖတ်ဝိုင်း တက်ရောက်လာကြသူများက ၎င်းတို့၏ ရှုမြင်သုံးသတ်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကြို့ပင်ကောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပြုလုပ်လျက်ရှိရာ စာပေဝါသနာ ပါသူ မည်သူမဆို ပါဝင်တက်ရောက်ဆွေးနွေးနိုင်ကြကြောင်း သိရသည်။
ဇေယျာထွန်း(ပြန်/ဆက်)