ကျောက်တန်း မတ် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရားဖူးလာသည့်ဧည့်သည်များအား (COVID-19)ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း မှ စတင်ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်ဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသည့် ရဟန်းရှင်လူ ပြည်သူများအား (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)