ဘုတလင်မြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ဘုတလင်  မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊  ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးကျော်မိုးလွင်က သဘာဝဘေး အန္တရာယ် ထိခိုက်မှု များနှင့် မီးဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇော်ဌေးတို့က မီးဘေးသင့်ခဲ့သည့် အိမ်ပိုင်ရှင် ဦးထွန်းအေး၏ အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ(၁)သိန်း၊ မိသားစုဝင်(၄)ဦးအတွက် ဆန်ရိက္ခာစရိတ် (၈၄၀၀)ကျပ်နှင့် ပစ္စည်း(၁၇)မျိုးကိုလည်းကောင်း၊ ဦးကြည်မောင်၏ အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ(၁)သိန်း၊ မိသားစုဝင်(၁၀)ဦးအတွက် ဆန်ရိက္ခာစရိတ် (၂၁၀၀၀)ကျပ်နှင့် ပစ္စည်း(၁၇)မျိုးတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)