သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံ     ဖေဖော်ဝါရီ       ၂

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌အမှတ်(၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုတိုက်ဖျက်နိုင်ရေး ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပတ်သတ်သည့် သိကောင်းစရာများ၊ လူကုန်ကူးမှု အမျိုးအစားများနှင့် လူကုန်ကူးခံရသူများနှင့်ပတ်သတ်၍ ဆောင်ရွက်ပေးနေမှုများ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပါပြစ်မှုပြစ်ဒဏ်များ၊ မွန်ပြည်နယ်အတွင်း လူကုန်ကူးမှု မဖြစ်ပွားရေးအတွက် ဆောင်ရွက် နေမှုများနှင့် လူကုန်ကူးမှုနှင့်ပတ်သတ်၍ ဆက်သွယ်သတင်းပေးပို့နိုင်သည့် Hot Line ဖုန်းနံပါတ်များစသည့် သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်