ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ဘူးသီးတောင်   ဖေဖော်ဝါရီ   ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သက်ကြီးရွယ် စောင့်ရှောက်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ယနေ့  နံနက် ၉ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့အသိပညာပေး (Talk Show)ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်ခင်အေးတို့မှ ပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online page များလွှင့်တင်၍ အသိပညာပေး ကဏ္ဍများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေမှုအား ဆွေးနွေးပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဘူးသီးတောင် မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ရေးဆွဲပြဌာန်းထားသည့် သက်ကြီး ရွယ်အိုးများဆိုင်ရာ ဥပဒေ(၂၀၁၆)ခုနှစ် ပါဝင်သောအကြောင်းအရာများ၊ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသော သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများ၊ လူမှုရေးပင်စင်များ ထောက်ပံ့ပေးနေမှုစသည့် အကြောင်းအရာများအား  အကျယ်တဝင့်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုဆောင်ရွက်သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး အသိပညာပေး(Talk Show) ဆောင်ရွက်မှုအား We Love Buthidaung Fb Page များမှတဆင့် ပြည်သူများသိရှိစေရေး လွှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)