ထီးချိုင့် ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်၍ ကျန်းမာ ပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန်၊ ထက်မြက်သော လူငယ် လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဂိမ်းပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့ခိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူကလေးများက စကားပုံ ဆက်ကစားခြင်း၊ ပူဖောင်းဖောက်ကစားခြင်း၊ ခုံလု ကစားခြင်းများကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့သည်။
ရဲလင်းထွန်း(ထီးချိုင့်)