မင်းလှ၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

မင်းလှ  ဖေဖော်ဝါရီ  

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်‌ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့နေ့လယ် ၃ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များကအား ကစားသမားများကို လက်ဆွဲနူတ်ဆက်အားပေးစကား ပြောကြား၍ ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲတွင် အားကစားကိုစိတ်ပါဝင်စားသည့် လူငယ်ကစားသမားများ အသင်း(၇) သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း၊ မြို့နယ်အားကစားမှူးနှင့် ဒိုင်လူကြီးများက ဖူဆယ်ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြိုင်ပွဲများကို ကြီးကြပ်ကျင်းပလျက်ရှိကြောင်းသိရသည်။

ဖူဆယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများ အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)