ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးမှ ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်များအားထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ ရခိုင်ပြည်နယ်၌ ကျင်းပ

သံတွဲ ဖေဖေါ်ဝါရီ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးမှ ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်များအားထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းဦးဆောင်၍ Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက ပြန်ကြားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲအလိုက်ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များ၊ ၂၀၂၁ ခုနှစ် အတွင်းလုပ်ငန်းအကောင်အထည်ဖေါ်နိုင်မှုနှင့်အားသာချက်၊အားနည်းချက်များ ရှေ့ဆက်သွားမည့် လုပ်ငန်း များ၊ ရခိုင်ပြည်နယ်အတွင်း ခရိုင်နှင့် မြို့နယ်များအလိုက် ဆုချီးမြှင့်ခြင်းခံရမှုအခြေအနေများ၊ ဝန်ထမ်းများ အား သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှု အခြေအနေများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ သည်။

ထို့အပြင် ခရိုင်ဦးစီးမှူးများအပါအဝင် ဝန်ထမ်းများ၏ ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးများ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက်ရေး ၊ လေ့ကျင့်သင်ကြားထိန်းကျောင်းတည့်မတ်နိုင်ရေး ၊ အုပ်ချုပ် စီမံခန့်ခွဲမှုအရည်အသွေး  မြင့်မားတိုးတက်လာအောင် သင်ကြားရေးနှင့်စာကြည့်တိုက်လုပ်ငန်းများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရေး၊ စာကြည့်တိုက်လှုပ်ရှားမှုများ တိုးတက်အောင် အလေးထား ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး လုပ်ငန်းခွင်ပျော်ရွှင်စွာ ထမ်းဆောင်နိုင်ရေး၊ ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ ၊ဝန်ထမ်းများ အရည်အသွေး အရည်အချင်းတိုးတက် မြင့်မားလာစေရေးတို့အတွက် ခရိုင်အတွင်းမွန်းမံ သင်တန်း ၈ ကြိမ် ဖွင့်လှစ်သွားနိုင်ရေးတို့အတွက် စီမံချက်များကို စနစ်တကျရေးဆွဲ ဆောင်ရွက်ရေးတို့ကို ဆက်လက်ဆွေးနွေး မှာကြားခဲ့သည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးမှ ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်များအားထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၅ ခရိုင် မှခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးများနှင့် ဝန်ထမ်းများစုစုပေါင်းအင်အား (၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်