ရမ်းဗြဲ ဖေဖေါ်ဝါရီ ၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ရမ်းဗြဲမြို့၊ အခြေခံမူလတန်းကျောင်း၊ လောင်းချောင်းသို့ သွားရောက်ပြီး ရမ်းဗြဲမြို့နယ် ပညာရေးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းနှင့် အ.မ.က၊ လောင်းချောင်းမှ ဆရာမကြီးနှင့် ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်း မှ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုမပြိုကွဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်တို့ကို ရှင်းလင်း ပြောကြားပါသည်။
၎င်းနောက် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းမှယနေ့ လူငယ်နှင့်ပညာရေး ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြရာ အ.မ.က၊ လောင်းချောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)