ကျောက်တံခါး ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမတွင် "အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး"ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးက ဟောပြောပွဲ ကျင်းပရသည့်ရည်ရွယ်ချက်နှင့် အမျိုးသမီးများအပေါ်အကြမ်းမှုဆိုင်ရာ အဓိပ္ပါယ်တို့ကို ဟောပြောသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နှင့်ပတ်သက်၍ အကျယ်တဝံ့ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်းသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း (အနောက်ရပ်)မှ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။
စန်းစန်း(ပြန်/ဆက်)