လှိုင်းဘွဲ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ (လှိုင်းဘွဲ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက ကျိုက်မုရော ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း/ သံဃာများအတွက် ဆွမ်းဆန်/ဆီ/ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
အဆိုပါဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တပ်ရင်း/ တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက ကျိုက်မုရော ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဉူးသောဏအား ဖူးမြှော်ကြည်ညိုပြီး ရဟန်း/ သံဃာများအား ဆွမ်းဆန်နှင့်ပတ်သက်၍ အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်၊ ဆီ၊ ခြံထွက် ဟင်းသီးဟင်းရွက် များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)