ကျိုက်ဒုံမြို့တွင် အသက်(၂)လမှ (၂)နှစ်အထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

 

ကျိုက်ဒုံ ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့ နံနက်၉နာရီက ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)လမှ(၂)နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့ကျေးလက်ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမနှင့်ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်အသက်(၂)လမှ(၂)နှစ်အထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ကြက်ညှာ၊ ေးခိုင်၊ အသည်းရောင်အသားဝါ-ဘီ၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗြီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော့ရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သတ်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး များကို ထိုးနှံတိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးအသိပညာများ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ-ပြန်/ဆက်)