ရှမ်းရွာသစ် ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီလ၁ ရက်နေ့မှ စတင်၍ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ရှမ်းရွာသစ်မြို့ အမှတ်(၄)ရပ်ကွက်၊ မြို့အဝင်လမ်းသွယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းသည် ယခုအခါတွင် ရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်၍ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၉၄၀၀၀၀၀/-)သိန်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
စောဂျိုးဇက်ဂျူး