ပေါက် မတ် ၃၁
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ယမန်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က ပခုက္ကူဘက်မှ ပေါက်ဘက်သို့ ယာဉ်မောင်း ဦး--- မောင်းနှင်လာသော အစိမ်းရောင် ၆ ဘီးယာဉ်တစ်စီးသည် အမှတ် ၁ပေါက်တံတားပေါ်တွင် အရှိန်မထိန်းနိုင်ပဲ တံတားယာဘက်ခြမ်းရှိ လက်ရန်းတိုင်များ ဝင်တိုက်ကာ ၂၀ ပေ အနက်ခန့်ရှိသော ယောချောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အဆိုပါယာဉ်မောင်း ပေါက်မြို့နယ် ရေဖြူကျေးရွာနေသူနှင့်အတူ လိုက်ပါလာသော ဦး--- ပေပင်ရှင်မကျေးရွာနေသူနှင့် ဦး--- ဆောမြို့နယ် ပိန္နဲကျေး ရွာနေသူတို့ ၃ ဦးစလုံး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွား၍ ပေါက်မြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်ပြည်သူ့ဆေးရုံသို့ အဝေရာလူမှုကူညီရေး အသင်းကားလေးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူအား ပေါက်မြို့နယ် ရေဖြူကျေးရွာနေသူအား ပေါက်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)