နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

 

နတ်မောက်   ဖေဖော်ဝါရီ       ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများအားပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ရွာသစ် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင်ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။                                                                 

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်လာရောက်ပြုလုပ်သူကျား(၂၄)ဦး၊မ(၂၆)ဦး၊ အသက် (၁၈) နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်လာရောက်ပြုလုပ်သူ ကျား(၃)ဦး၊ မ(၄)ဦး၊ လဲလှယ်ကျား(၂)ဦး၊ မ (၂)ဦး စုစုပေါင်း (၆၁)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိဦးမျိုးတင့်ထံက သိရသည်။

သင်းသင်းမြတ်