ကံမ ဖေဖော်ဝါရီ ၇
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၃) ရပ်ကွက်ရှိ ဆက်သွယ်ရေးလမ်းအား မြေနီကျောက်ချောလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းမှာ အရှည် ၂၀၀ ပေ ၊ အနံ ၁၂ ပေ၊ ထု ၈ လက်မအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)