အောင်လံမြို့နယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

အောင်လံ ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ အနားယူ ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တရော်ကုန်းရပ်ကွက် ရွှေပြောင်ပြောင် ဘုရားဝန်းအတွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အောင်လံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ မြို့နယ်သံဃာ ဆရာတော်(၄၇) ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ လူပုဂ္ဂိုလ် (၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဖွင့်လှစ် ခဲ့သည်။ ထို့နောက် ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့(သဘာပတိဆရာတော်)မှအဖွင့်ဩဝါဒကထာမြွက်ကြားပြီး အခမ်းအနားမှူး ဆရာတော်မှ ရွေးချယ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃာ့ နာယကမှ အနားယူမည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်တစ်ပါးမှ ဖတ်ကြား လျှောက်ထားခဲ့သည်။

ထို့နောက် လစ်လပ်မှုဖြစ်သော မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်နေရာများ၌ အစားထိုးရွေးချယ်ရန် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်တစ်ပါးမှ အဆိုတင်သွင်းခြင်း၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၏ ဘွဲ့အမည်အား အဆိုတင်သွင်းမည့်ဆရာတော်ကို ပင့်ဖိတ်ခြင်းနှင့်ထောက်ခံမည့်ဆရာတော်အား ပင့်ဖိတ်ခြင်း၊ မြို့နယ်ဥက္ကဋ္ဌဆရာတော်မှ မိမိနှင့်တွဲဖက်ဆောင်ရွက်မည့် စာရင်းအားတင်သွင်းခြင်းနှင့် အဆိုပြုထောက်ခံခြင်း ကို(သဘာပတိဆရာတော်)မှ သာဓု(၃)ကြိမ်ခေါ်ဆိုစေပြီး အတည်ပြုချက်ရယူခဲ့ကြသည်။ ယင်းနောက် သဘာပ တိဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပြီး မြောက်ကြောင်းကြေညာ၍ ကြွရောက်လာကြသောဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)