သန်လျင်မြို့သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်

သန်လျင်     ဖေဖော်ဝါရီ     ၇

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ (၂၃၂၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ် ဂေါပကအဖွဲ့က ကြီးမှူး၍ ဗုဒ္ဓပူဇာ၊  ဓမ္မပူဇာအစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ၁၃၈၃ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက်တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ဖွင့်ပွဲကျင်းပမည်ဖြစ်သည်။ တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီ  ၁၅ ရက် နေ့လည်(၁)နာရီတွင်မဟာပဋ္ဌာန်းအောင်ပွဲနှင့်အတူ စေတီတော်သြဝါဒဆရာတော်ကြီးများနှင့် သံဃာတော်(၃၇)ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှစေတနာရှင်အလှုရှင်များအနေဖြင့် စေတီတော်ဂေါပကအဖွဲ့ ဖုန်း ၀၉၇၇၆၁၁၄၅၈၀ သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)