တံတားမြို့၌ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်

တံတား   ဖေဖော်ဝါရီ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက တံတားမြို့ ဇီးဖြူပင် ကျေးရွာတွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒု−လ.ဝ.ကမှူး ဒေါ်နီလာချစ်ဆွေဦးဆောင်၍ ဝန်ထမ်းများက ဇီးဖြူပင်ကျေးရွာအတွင်း နေထိုင်ကြသော အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများနှင် အသစ်လဲလှယ်သူများအား ပန်းခင်းစီမံချက်နှင့်အညီ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေး ရရှိစေရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လူဦးရေ(၃၁)ဦး လာရောက်ပြုလုပ်၊လဲလှယ်ခဲ့ကြောင်းသိရသည်။

 

မိုးဖြူလွင်(ပြန်ဆက်)