ရန်ကုန် ဖေဖော်ဝါရီ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန် အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့် တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ မြို့နယ ်(၁၂) မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊လူမှုရေးအသင်းများမ ှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောက အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းကြည်က သက်ကြီး ရွယ်အို များဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းခြင့်နှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ဒေသဆိုင်ရာ ကော်မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ၊ မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် သားသမီးမြေးတို့၏ တာဝန်များ၊ သက်ကြီးရွယ်အိုများအားထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ယေဘုယျတာဝန် ဝတ္တရားများ၊ ဝင်ငွေပုံမှန်ရရှိရေး၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောင်မှုနှင့် လူမှုရေး စောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုများ အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာ နေထိုင်နိုင်သော ပတ်ဝန်းကျင် ဖြစ်ရေး၊ သက်ကြီး ရွယ်အိုများလူ့ဘောင်အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်မှု၊ သက်ကြီးရွယ်အို သက်သေခံကတ်ပြားထုတ်ပေးခြင်းနှင့် ကိုင်ဆောင်အသုံးပြုခြင်း၊ ဘိုးဘွားရိပ်သာ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် သက်ကြီးရွယ်အိုကြည့်ရှု စောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ လူမှုရေး အသင်းအဖွဲ့များအား အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ ရန်ပုံငွေထူးထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း၊ပြစ်မှုနှင့်ပြစ်ဒါဏ်များ၊အထွေထွေတို့ကိုအသေးစိတ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍သင်တန်းတက်ရောက်လာကြသော သင်တန်းသူသင်တန်းသားများက မိမိတို့သိရှိလိုသည့် သက်ကြီး ရွယ်အိုများနှင့်ဆိုင်သောအကြောင်းအရာများကိုမေးမြန်းကြရာသက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားကြသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်(၁၂) မြို့နယ်မှသင်တန်းသူသင်တန်းသား(၃၀) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)