ရေတာရှည်မြို့နယ် ကဲလင်းဆိပ်​ကျေးရွာရှိ လေဘေးသင့်အိမ်အား ထောက်ပံ့ပေးအပ်

ရေတာရှည်   ဖေ​ဖော်ဝါရီ   ၇

ပဲခူး​တိုင်းဒေသကြီး  ၊ တောင်ငူခရိုင်၊  ရေတာရှည်မြို့နယ်အတွင်း၌  ဖေ​ဖော်ဝါရီလ ၅ ရက်​နေ့က မိုးများရွာသွန်းကာ လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်​ထောင်စုအတွက် ထောက်ပံ့​ငွေပေးအပ်ခြင်းကို ဖေ​ဖော်ဝါရီလ(၇)ရက်​နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ၊  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  ​  မြို့နယ်အုပ်ချုပ်ရေးမှုး  ဦးဥက္ကာသန်းက  အားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ပစ္စည်း (၁၆) မျိုးနှင့် ​ငွေကျပ် ( ၁ ) သိန်း တိတိကို    ကဲလင်းဆိပ်ကျေးရွာမှ လေပြင်းတိုက်ခတ်မူ​ကြောင့် ​နေအိမ်ပြိုလဲ ခဲ့သည့် ​နေအိမ်အတွက် ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)