ဘောဂလိ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘောဂလိမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက Online မှတဆင့် အသိပညာပေး တင်ဆက်ပေးခဲ့ကြပါသည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးသန်းဝင်းလှိုင်က ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သမိုင်းကြောင်း၊ စတင်ဖွဲ့စည်းခဲ့သည့် ခုနှစ်၊ ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိထားသင့်သည့် အချက်အလက်များနှင့် အနှေးယာဉ်များ၊ အမြန်ယာဉ်များနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် အပြန်အလှန် ဆွေးနွေး မေးမြန်းချက်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယခုအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမအတွင်း၌ စာကြည့်တိုက်ဆိုင်ရာ အသိပညာပေး အစီအစဉ်များအပြင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေမည့် Talk Show အစီအစဉ်များနှင့် ပြည်သူများအတွက် ဖျော်ဖြေရေး အစီအစဉ်များကိုပါ ရိုက်ကူး၍ ထုတ်လွှင့်ပေးလျက် ရှိကြောင်းနှင့် ယင်းအစီအစဉ် များတွင် ပါဝင်လိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဘောဂလိမြို့သို့ ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း သိရှိရသည်။
စောဂျိုးဇက်ဂျူး