တံတား ဩဂုတ် ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ အောင်သီရိဈေးအတွင်းနှင့် ယာယီပျံကျဈေး တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက်ဝယ်သူ များအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာ သည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တံတားမြို့ အောင်သီရိဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ယာယီပျံကျဈေးတွင်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တစ်ဆိုင်နှင့် တစ်ဆိုင် ၆ ပေအကွာ ရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ နှာခေါင်း စည်း Mask များ တပ်ဆင်၍ ရောင်းဝယ်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား အသိပညာပေးခြင်းများကို တံတားမြို့စည်ပင် သာယာ ရေး အဖွဲ့မှ ဦးဆောင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များက လိုက်လံစစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (တံတား)