မကွေး ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့တွင်(ကိုဗစ်-၁၉) ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူမှပြည်သူသို့ မျှဝေခြင်းအစီအစဉ်တို့ ပူးပေါင်း၍ မကွေးမြို့၏ လူစည်ကားရာနေရာတွင် အသိပညာပေးလှုံ့ဆော်ခြင်း၊ အဝတ်နှာ ခေါင်းစည်း Mask များ အခမဲ့ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (ကိုဗစ်-၁၉) ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို အသိပညာပေး လှုံ့ဆော်ပြီး ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း အစီအစဉ်မှ အဝတ်နှာခေါင်းစည်း Mask အခု (၁၆၀၀)ကို နေအိမ်ပြင်ပသွားလာသူများ မဖြစ်မနေ နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရန် အခမဲ့ ဝေငှခဲ့ကြောင်းသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် အဝတ်နှာခေါင်းစည်း Mask များ အခမဲ့ဝေငှခြင်းကို မကွေးမြို့၏ လူစည်ကားရာ နေရာများဖြစ်သည့် နတ်မောက်လမ်း၊ ကန်သာဈေး၊ မြင်းကင်းလမ်းနှင့် တောင်တွင်းကြီးလမ်းဆုံများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ဦးထွန်း(ပြန်/ဆက်)