ကမမောင်း ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာ ပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက် ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုခံရနိုင်ဖွယ်ရှိသည့် အချက်များကို ပြသဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)