ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇမျိုးကွဲအိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်

ပေါင်းတည် ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးလုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ မျိုးရိုးဗီဇမျိုးကွဲအိုမီခရွန် (Omicron) အပါအဝင် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လူစည်ကားသည့်လမ်းများသို့ လိုက်လံ အသိပေး​နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှိုးဆော်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇမျိုးကွဲအိုမီခရွန် (Omicron)ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ Maskမတပ်သူများနှင့် တွေ့ဆုံခြင်း ၊စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းသွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့်၂၀ကြာအောင် မကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်စသည့် အချက် များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)