သရက် မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမရှိစေရန်ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်ပြည်ပမှနေရပ်ပြန်များသီးခြားထားရှိသည့် အထက(၁)ရှိ စိန်ရတု ခန်းမနှင့် ကျောင်းဝင်းအတွင်းပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်းကို သရက်ခရိုင်အုပ်ချုပ်မှူး ဦးတင်မျိုးလတ်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်၊ ခရိုင်မီးသတ် ဦးစီးမှူးဦးထင်အောင်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိ သူများမှ ဦးဆောင်၍ COVID-19 ကြိုတင်ကာကွယ်ရေး အတွက်ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက်ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်ရေး အတွက်စီစဉ်ဆောင်ပေးခဲ့ကြောင်းသိရသည်။
မြင့်ရွှေ(ခရိုင်ပြန်/ဆက်)