မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ် ပြသ

မုဒုံ  ဖေဖော်ဝါရီ  ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊  မုဒုံမြို့နယ်၌  နွေရာသီရောက်လာပြီဖြစ်၍  မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရန်နှင့် ကြုံတွေ့လာပါက  အလျင်အမြန်   မီးငြှိမ်းသတ်နိုင်ရန်အတွက်   မီးဘေးကြိုတင် ကာကွယ်ရေး    လက်တွေ့သရုပ်ပြသခြင်းနှင့်   အသိပညာပေး ခြင်းကို     ယမန်နေ့နံနက်  ၁၀ နာရီ က ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ   ဦးစီးအရာရှိ  ဦးဖုန်းမြင့်အေးက  မီးသတ်ဦးစီး ဌာန၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့်  မီးဘေးလုံခြုံရေး၊  ရှာဖွေကယ်ဆယ်ရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများအကြောင်းကို    အကျယ်တဝင့် ရှင်းလင်း ဟောပြောပြီး  တပ်ဖွဲ့ဝင်မျာက မီးဘေးအန္တရာယ်များ ကြုံကြိုက်လာပါက အဆင်သင့် ငြိမ်သက်နိုင်ရန် အတွက်    မည်သည့်နေရာတွင်မဆို   အကြောင်းအမျိုးမျိုးကြောင့်       မီးဘေးကြုံခဲ့လျှင် ကနေဦး မီးငြိမ်း သတ်စေရေး၊ ကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများစသည့် မီးလောင်ကျွမ်းမှုဆိုင်ရာများနှင့် လျှပ်စစ်မီး၊ လောင်စာဆီမီး၊ သဘာဝမီးဘေး အန္တရာယ်များ၏ ကနေဦး မီးငြိမ်း သတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခြင်းစသည့် အခြေအနေများတို့ကို ရုံးဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူအား လက်တွေ့သရုပ်ပြသခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ဆိုင်ရာ   အသိပညာပေး လက်ကမ်းစာစောင်များတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)