ကျိုက်ဒုံ ဖေဖေါ်ဝါရီ ၁၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ က စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club) မှ စာဖတ်ဝိုင်းကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူး ဦးကျော်လင်းနိုင်က စာအုပ်စာပေများအား ဖတ်ရှုလေ့လာခြင်းဖြင့် အတွေး အမြင်များနှင့်အထွေထွေ ဗဟုသုတများရရှိလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ပေးရ ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးမှူးမှစာရေးဆရာ ဖေမြင့်ရေးသားထားသော ''ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ''စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း(Book Club) အဖွဲ့များမှ မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်ပါအကြောင်းအရာ ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်