ပေါင်းတည်မြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇ မျိုးကွဲအိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုလျော့နည်း ကျဆင်းရေး အတွက် အသိပညာပေးလုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉မျိုးရိုးဗီဇ မျိုးကွဲ အိုမီခရွန် (Omicron)အပါအဝင် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့ လိုက်လံအသိပေး​နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှိုးဆော်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးကွဲအိုမီခရွန် (Omicron)ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန်၊ နေအိမ် ပြင်ပသို့ မဖြစ်မနေသွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်၂၀ကြာအောင် မကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)