ပိုင်ကျုံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးနှင့် ငယ်/ရေး(ပြ) စောဂျိုးဇက်ဂျူးတို့မှ “တို့ကမ္ဘာကြီးလှပဖို့ ကလေးအလုပ်သမား ပပျောက်စို့”ခေါင်းစဉ်အောက်မှ ကလေးအလုပ်သမားပပျောက်ရေးဖြစ်ပေါ်လာပုံ၊ ကလေး အလုပ်သမားဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးများကိုအဆိုးရွားဆုံး ပုံစံဖြင့်ခိုင်စေခြင်း၊ ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ?၊ ကလေးအလုပ်သမားပပျောက်ရေးက ဘာကြောင့်အရေးကြီးတာဘာလဲ?၊ ဘာကြောင့်ကလေး အလုပ်သမားတွေ ရှိနေရတာလဲ?၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား တွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေများအကြောင်း၊ ကလေးအလုပ်သမားတွေကို အလုပ်ခိုင်းစေတဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ?၊ ကလေးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားတွေ လျှော့ချဖို့ ဆောင်ရွက်သင့်တဲ့ နည်းလမ်းများအကြောင်းကို ဆွေးနွေး ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပိုင်ကျုံမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Facebook pageတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း သိရပါသည်။
စောဂျိုးဇက်ဂျူး (ပြန်/ဆက်)