လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်ပြပွဲကို ယနေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းဖို့ သစ်တောသစ်ပင် ထိန်းသိမ်းကြစို့၊ အမှိုက်များကို စနစ်တကျစွန့်ပစ် ဖျက်စီးခြင်းဖြင့် ကမ္ဘာကြီးကို ကယ်တင်ပါနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရာ ဖြစ်ပေါ်လာနိုင်သော သွေးကြောများ ပျက်စီးနေမှု၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ ဘဝနိဂုံး၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝင်းစေရန် အတွက် မည်သို့ကာကွယ်ရမည်နည်းစသည့် မူးယစ် ဆေးဝါးအကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိမှုကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
စောဒိ(ပြန်/ဆက်)