ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် လယ်ယာသုံး စက်ကိရိယာပြင်ဆင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

 

ဘားအံ  ဖေဖော်ဝါရီ   ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက် တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်း၍ လယ်ယာသုံး စက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရှိရ သည်။

အဆိုပါသင်တန်းကိုဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူနိုင်မှုအခွင့် အလမ်းများ ရရှိစေနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်း များရရှိပြီး တစ်ဦးချင်း ဝင်ငွေပိုမိုမြင့်မားလာစေရန် သက်မွေးပညာရပ်ဆိုင်ရာ ကာလတို သင်တန်းကို ဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ နန်းမိုးမိုးကြည်ထံမှ သိရှိရသည်။

လယ်ယာသုံးစက်ကိရိယာပြင်ဆင်ထိန်းသိမ်းမှုအခြေခံသင်တန်းကို (၇-၂-၂၀၂၂)ရက်နေ့မှ (၄-၃-၂၀၂၂)ရက်နေ့ထိ (၁)လတာကာလ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပေးလျက်ရှိပြီး အဆိုပါ သင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၃၃)ဦး တက်ရောက်သင်ကြားလျက် ကြောင်းနှင့် သင်တန်းကာလ ပြီးဆုံးပါ က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)