ညောင်လေးပင် ဖေဖော်ဝါရီ ၁၈
ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီတွင် မူလွန်လက်ပံပုကျောင်း၌ အသိပညာ ပေးဟောပြောပွဲနှင့်စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီ၀င်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်