မြောက်ဦး ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ လူစည်ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော် သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြို့ပေါ်ရပ်ကွက်နေ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်စေခြင်များ အလေးထားလိုက်နာ ကြရန် ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် ဈေးရောင်း ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများ၊ အငှားယာဉ်မောင်း၊ သုံးဘီး ဆိုင်ကယ်မောင်းနှင်သူများ၊ ထွေလာဂျီမောင်းနှင်သူများနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask တတ်ဆင်သွားလာစေခြင်းများ၊ နှာခေါင်းစည်း(Mask) မပါရှိသူများအား နှာခေါင်းစည်း Mask Campaign ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး