သံတွဲ ဖေဖေါ်ဝါရီ ၁၈
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ပြည်သူများစာအုပ်စာပေများကို လေ့လာဖတ်ရှု သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့ နံနက် ၁၁ နာရီ အချိန်က Mobile Library မော်တော်ယာဉ်ဖြင့် ဇလွန်ကျေးရွာ မူလွန်ကျောင်းနှင့် မဒေးကျေးရွာ မူလတန်းကျောင်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက်များနှင့်အညီ စာအုပ် များကို ငှါးရမ်းပေးခဲ့သည်။
ထိုသို့ငှါးရမ်းရာတွင် ကျေးရွာနေပြည်သူများ ဆရာ၊ ဆရာမများမှ အားရဝမ်းသာစွာဖြင့် Mobile Library မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသ စာအုပ်များကိုငှါးယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှါးရမ်းပေးခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ငှါးပေးခြင်းမှာ ကျေးရွာနေ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များကို လွယ်ကူစွာ ဖတ်ရှု့လေ့လာနိုင်ပြီး အသိပညာဗဟုသုတ များ တိုးပွါးလာစေရေးတို့အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
ခရိုင်ပြန်/ဆက်