ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ ဖေဖော်ဝါရီ ၁၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်ဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦးတို့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သပ်၍ ပြည်သူများ သတိပြုလိုက်နာရန်အချက်များ၊ ဥပဒေပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုဆင်ခြင်ရမည့် အချက်များ စသည့်အကြောင်းအရာများအား အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲအား ပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၏ We Love Kyaikdon Page တွင် လွင့်တင်ဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)