မြဝတီ ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ကိုဗစ်မျိုးကွဲ အသစ် အိုမီခရွန်အကြောင်း သိထားသင့်သော အချက်များအား နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီအချိန်ကစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန (Omicron) ရောဂါပိုးများကို သတိပြု ကာကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ၊ ကူးစက်မြန်မျိုးဗီဇပြောင်း ကိုဗစ်အကူး ခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ၊ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှုမများပြားစေရေး ကြိုတင် ပြင်ဆင်ထားရှိမှုများနှင့် အိုမီခရွန်၏ ထူးခြားသောအချက်များ ပါဝင်သည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)