အလုံ ဖေဖော်ဝါရီ ၁၈
ပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ်ဆောင်ရွက်နိုင်ရန်၊ မိသားစုအတွက် ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ဘက်စုံသုံး ဆပ်ပြာဆီသင်တန်းကို ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာလင်းမှ ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သောပစ္စည်း တစ်ခုချင်း၏အမည်နှင့် အသုံးပြုပုံများအား စာတွေ့ရှင်းလင်းပြောကြားခြင်းနှင့် ဆပ်ပြာဆီ အဆင့်ဆင့်ပြုလုပ်ပုံအား လက်တွေ့ သင်ကြားခြင်း တို့ကိုဆောင်ရွက်ခဲ့သည်။
ထို့နောက် သင်တန်းသားများမှ သင်ယူတတ်မြောက်မှုအား လက်တွေ့ဆပ်ပြာဆီ ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသား (၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆပ်ပြာဆီပြုလုပ်ပုံအဆင့်ဆင့်အား အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page Online မှ တဆင့်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)