သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာပေဝါသနာရှင်များ စာအုပ်စာစောင် လာရောက်ငှားရမ်းပြီး ပြတိုက်ငယ်အားကြည့်ရှုလေ့လာ

သံတွဲ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ် သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) မှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးရည်ရွယ်ပြီး  ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များအားအခမဲ့ ငှားရမ်းပေးလျက်ရှိရာ စာပေဝါသနာရှင်များ နှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိပြီး ပြတိုက်ငယ် တွင်ပြသထားသည့် ရခိုင်ပြည်နယ်မှ ထူးချွန်ထင်ရှား ပုဂ္ဂိုလ်များ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်များ၊ ဘုရားစေတီပုထိုးများ၊ ရခိုင့်ယဉ်ကျေးမှုဗျာလ်ရုပ်ထုနှင့် သာယာလှပသောရှုခင်းများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိသည်။

သံတွဲခရိုင် ပြည်သူ့စာကြည့်တိုက်မှစာဖတ်ပရိတ် သတ်များစိတ်ဝင်စားမှုရှိပြီး အသိပညာဗဟုသုတ ရရှိစေ မည့် သုတ၊ ရသ စာအုပ်များနှင့် လစဉ်စာကြည့်တိုက်သို့ အသစ်ရောက်ရှိလာသော စာအုပ်များအား Online မှတဆင့် မိတ်ဆက်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိသည်။

မေမွန်ထွဋ်